ဂျပန်နိုင်ငံမှာ ဟိုတစ်နေ့က ဖြစ်သွားတဲ့ ဆူနာမီနဲ့ ငလျင်အကြောင်းကြားရတော့ လူတိုင်းရဲ့ စိတ်ထဲမှာ ဂရုနာသက်မိကြတယ် - သဘာဝဘေးအန္တရာယ်ဆိုတာ ဖြစ်လာရင် ဒုက္ခသည်ဆိုတာ အလိုလို ရှိလာတာပဲ - ဒါကို လူတိုင်းသိတော့ ခုလို ခိုကိုးရာမဲ့ အိမ်ခြေရာခြေမဲ့ပြီး ဒုက္ခရောက်နေတဲ့ သူတွေ အတွက် ဘယ်လိုကူညီရမလဲ ဆိုတာ လူတိုင်းတွေးမိကြတယ်
ကျွန်တော်တို့ ဘယ်လို ကူညီနိုင်ပါမလဲ ??ကျွန်တော်တို့တွေ ဂျပန်နိုင်ငံမှာ နေထိုင်နေတာ မဟုတ်ပဲ မိုင်ပေါင်း ထောင်နဲ့ချီဝေးကွာမယ့် နေရာမှာ ရှိနေကြမယ် ဆိုရင်တောင် ဂျပန် ဒုက္ခသည်တွေကို ကူညီနိုင်မယ့် နည်းလမ်းတွေ ခုချိန်မှာ ရှိနေပါပြီ - နိုင်ငံအလိုက်ကလည်း ကူညီရေးအသင်းအဖွဲ့တွေနဲ့ ဆောင်ရွက်နေသလို ကမ္ဘာသိ အဖွဲ့အစည်း တွေကနေလည်း စက္ကန့်မလပ် အကူအညီပေးနိုင်ဖို့ ကြိုးစားနေကြပါပြီ - ဘာတွေ ဘယ်လိုပဲ သူပိုင် ငါပိုင် သူ့ပစ္စည်း ကိုယ့်ပစ္စည်းနဲ့ ခွဲခြား နေခဲ့ကြပေမယ့် ကိုယ်နေထိုင်တဲ့ မြေပေါ်မှာ သဘာဝဘေး အန္တရာယ်တစ်ခုခု ကျရောက်လာပြီဆိုရင် သဘာဝတရားက သူပိုင် ငါပိုင်ရယ်လို့ ဘယ်တော့မှ မစာနာပါဘူး - အားလုံးဖျက်ဆီးခံလိုက်ရတာပဲ -


ခု သူတို့ ပြန်လည်တည်ဆောက်ရေးတွေ လုပ်နေကြပြီ - နေရာအသီးသီးမှာ ပိတ်မိနေကြတဲ့ ဒုက္ခသည်တွေကို ကယ်တင်နိုင်ဖို့ ကြိုးစားနေကြပြီ - နှစ်နဲ့ချီပြီး တည်ဆောက်ခဲ့ရတဲ့ ပြည့်စုံမှုကို နာရီပိုင်းအတွင်း အကောင်းပကတိအတိုင်း ပြန်ဖြစ်နိုင်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး - ကယ်ဆယ်ရေး - ကျန်းမာရေး - စားသောက်ရေး - နေထိုင်ရေး - စီးပွားရေး - လမ်းပန်းဆက်သွယ်မှု ကဏ္ဍအားလုံးကို အချိန်တိုအတွင်း ပြည့်စုံစေဖို့ တစ်နိုင်ငံတည်းရဲ့ ရပ်တည်မှုနဲ့ ဘယ်လိုမှ မဖြစ်နိုင်ဘူး - အဲ့လို အခြေအနေမှာ ဒီကမ္ဘာကြီးပေါ်မှာ အတူတကွ နေထိုင်ကြတဲ့ ကျွန်တော်တို့ အားလုံးရဲ့ အကူအညီ အထောက်အပံ့တွေ လိုလာတယ်။ ဒီလို အခြေအနေမျိုး ကျွန်တော်တို့ နိုင်ငံမှာလည်း တစ်ချိန်က ဖြစ်ခဲ့ဖူးတယ် - လူအမြောက်အများလည်း သေကျေခဲ့ရဖူးတယ် - ဒီအခြေအနေမျိုး တစ်ခြားနိုင်ငံတစ်ခုမှာ ခု ဖြစ်လာပြီ - အဲ့အတွက် ကျွန်တော်တို့ မေတ္တာတရားနဲ့ စောင့်ရှောက်မှု ပေးကြရအောင်။ သူတို့ ဘဝကို နိုင်သလောက် အတိုင်းအတာနဲ့ ပံ့ပိုးမှုပြုကြရအောင် -
ပံ့ပိုးနိုင်မည့် နေရာများခုအောက်မှာ ဖော်ပြသွားမယ့် နေရာတွေဟာ ဂျပန်နိုင်ငံ ဒုက္ခသည်တွေအတွက် တိုက်ရိုက် ထောက်ပံ့ကူညီမှု ပေးနေတဲ့ အဖွဲ့အစည်း အမြောက်အများထဲက အနည်းအကျဉ်း ဖြစ်ပါတယ် - မြန်မာနိုင်ငံတွင်းမှာ နေထိုင်နေတဲ့ မိသားစုဝင်တွေ အနေနဲ့ ကူညီဖို့ မဖြစ်နိုင်ပေမယ့် နိုင်ငံတကာရောက် မြန်မာနိုင်ငံသားတွေ အနေနဲ့ နိုင်သလောက်ပမာဏလေးနဲ့ ကူညီဖို့ အဆင်ပြေကြမှာပါ -
The Red Cross:
ဒီနေရာကနေ သွားပြီး အနည်းဆုံး 10$ နဲ့အထက် လှူဒါန်းနိုင်ပါတယ်။ ဖုန်းကနေ လှူမယ်ဆိုရင်တော့ Text Message မှာ REDCROSS လို့ ရိုက်ပြီး 90999 ကိုပို့ပါ - အဲ့ကနေ $10 လှူလို့ ရပါတယ်။ ( အဲ့လိုပို့လိုက်ရင် Confirm message ပြန်ဝင်လာပြီး အဲ့ကနေ တစ်ဆင့် YES ပေးလိုက်ရင် ရပါပြီ )
Shelterbox: သူက UK-based organization ပါ - သူ့ကို တည်ထောင်ထားရတဲ့ ရည်ရွယ်ချက်က ဆူနာမီနဲ့ မြေငလျင်ဒဏ် သက်ရောက်ခံရတဲ့ နိုင်ငံတွေ အတွက် ထောက်ပံ့ ကူညီမှု လုပ်ဆောင်ပေးနိုင်စေဖို့ပါ - Online ကနေလည်း လှူလို့ ရပါတယ်။ Shelterbox ကနေ ဒုက္ခသည်တွေအတွက် လိုအပ်မယ့် အရေးပေါ်သုံး ပစ္စည်းတွေ - သဘာဝဘေးအန္တရာယ် ကာကွယ်ရေး ပစ္စည်းတွေ ထောက်ပံ့ပေးပါတယ်။ Online donation ကို
ဒီနေရာကနေ လုပ်ဆောင်ပါ။
International Medical Corps: သူ့ ဝက်ဘ်ဆိုဒ်မှာ ဒုက္ခသည်တွေအတွက် ကိုယ်လှူဒါန်းချင်တဲ့ ပမာဏကို ရိုက်သွင်းပြီး လှူဒါန်းနိုင်ပါတယ်။
ဒီနေရာကနေ သွားပါ။
GlobalGiving.org: International Medical Corps လိုမျိုးပဲ Japan Earthquake နဲ့ Tsunami ဒုက္ခသည်တွေရဲ့ လိုအပ်ချက်တွေကို လုပ်ဆောင်ပေးနေတဲ့ အဖွဲ့အစည်းတွေကို ထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်။
ဒီနေရာကနေ လှူဒါန်းပေးပါ။
Convoy of Hope: ဒီအဖွဲ့အစည်းကနေပြီး ဒုက္ခသည်တွေကို လှူဒါန်းချင်တယ်ဆိုရင် နည်းလမ်းနှစ်မျိုးနဲ့ လှူဒါန်းလို့ ရပါတယ် -
ဒီနေရာကနေသွားပြီး Online ကနေလှူလို့ ရသလို REDCROSS လိုပဲ ဖုန်းကနေတစ်ဆင့် Text message နဲ့ TSUNAMI လို့ရိုက်ပြီး 50555 ကိုပို့ပါ ( အဲ့လိုပို့လိုက်ရင် Confirm message ပြန်ဝင်လာပြီး အဲ့ကနေတဆင့် YES ပေးလိုက်ရင် ရပါပြီ )
Salvation Army: Online ကနေ လှူဒါန်းချင်သူများ
ဒီနေရာကနေ လှူဒါန်းနိုင်သလို - ဖုန်းကနေတစ်ဆင့် လှူဒါန်းချင်မယ် ဆိုရင်လည်း JAPAN ( ဒါမှမဟုတ် ) QUAKE လို့ Text message ရိုက်ပြီး 80888 ကိုပို့ပါ - အဲ့ကနေ $10 လှူဒါန်းနိုင်ပါတယ်။
Red Cross in Japan - ဂျပန်နိုင်ငံမှာ နေထိုင်သူ မြန်မာနိုင်ငံသားများ ဂျပန်ယန်းနဲ့ လှူဒါန်းချင်မယ်ဆိုရင် Google Checkout ကနေ
ဒီနေရာမှာလှူဒါန်းလို့ ရပါတယ်။ ($20 ကိုအနည်းဆုံး ဂျပန်ယန်း 1600 ရှိပါတယ်) - ယန်း ၁၀၀ ကနေ စပြီး လှူဒါန်းနိုင်ပါတယ်။
Japan Earthquake Tsunami Children Emergency Fund : အွန်လိုင်းမှာ တော်တော်များများ Facebook games တွေဆော့ကြတယ် - အဲ့ထဲက FrontierVille, FarmVille နဲ့ CityVille ဆော့ကြတဲ့သူတွေ အနေနဲ့လည်း ဂျပန်က မြေငလျင်ဒဏ်ခံ ဒုက္ခသည်တွေအတွက် သက်ဆိုင်ရာ ကိုယ်ဆော့တဲ့ ဂိမ်းအသီးသီးက items တစ်ခုခုကို ဝယ်သုံးခြင်း အားဖြင့် ဒုက္ခသည်တွေကို ကူညီနိုင်ပါတယ်။ တကယ်လို့ အဲ့ဂိမ်းတွေ မဆော့ဘူး ဆိုရင်လည်း
ဒီနေရာကနေ လှူဒါန်းနိုင်ပါတယ်။
Photos via
Time.com,
Boston Bigpicture